ဒီနေ့ စားချင်စိတ်ပေါက်နေတာလေးကတော့ ..ကြပ်ပုကို ငရုတ်သီးစိမ်းနဲ့ကြော်တာလေး
ပါဝင်တဲ့ ပစ္စည်းတွေက
ကြက်ဥ
ဆား ၊ အချိုမှုန့် (အနည်းငယ်စီ)
ဆီ၊ ကြက်သွန်နီ
ကြပ်ပုကို ဆား၊ အချိုမှုန့်တို့ထည့်ပြီးအရင်ခေါက်ထားလိုက်ပါ။
ပြီးရင် ဆီထည့်ပြီး ဆီကျက်တာနဲ့ ကြပ်ပုကိုကြော်ပါ
ကြပ်ပု ကျက်ခါနီးရင် ငရုတ်သီးစိမ်းကို ကပ်ကြေးလေးနဲ့ အိုးမချခင်မှာ ထည့်လိုက်ပါ။
ထည့်ပြီးရင် အိုးအဖုံးကိုပိတ်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။
တချို့ က အချိုမှုန့်အစား ကြက်သားမှုန့်လည်း ထည့်ကြပါတယ်။ ကိုယ်နှစ်သက်ရာပေါ့။
ကြက်သွန်နီကြိုက်ရင်တော့ ကြက်သွန်နီကိုပါးပါးလေးလှီးပြီးထည့်စားရုံပါပဲ

ရှယ်ပဲ မွှေးလို့ . . .အာ့လိုလေး စားချင်တယ်ကွယ်

No comments:
Post a Comment