မှည့်နေတဲ့ဝက်ခြံကို ညှစ်သင့်ပါတယ်။
ဒါပေမယ့် နည်းလမ်းမှန်ကန်ဖို့လည်း လိုပါသေးတယ်နော်။
ဖတ်ဖူးတဲ့ ၀က်ခြံညှစ်နည်းက ဒီလိုလေးပါ။ အရင်ဆုံး လက်ကိုစင်ကြယ်အောင်ဆေးရပါမယ်။
မျက်နှာကို သစ်ပါ။ ညှစ်တဲ့နေရာမှာ လက်သူကြွယ်ကို အသုံးပြုရပါမယ်။
(လက်သူကြွယ်က တခြားလက်ချောင်းတွေထက် အားသိပ်မပါဘူးလေ)သန့်စင်တဲ့တစ်ရှုးစကို ယူပါ။
လက်သည်းနဲ့ မျက်နှာကို မထိမိစေရန်အတွက်ဖြစ်ပါတယ်။
ညှစ်မယ်ဆိုရင် ပေါက်နေတဲ့ ၀က်ခြံရဲ့ ဘေးတ၀ိုက်ကနေ အတွင်းဘက်ကိုဖိပေးပါ။
အဆံထွက်လာတဲ့အထိပေါ့။အကြံပေးချင်တာက မမှည့်သေးတဲ့ဝက်ခြံ၊နာနေတဲ့ဝက်ခြံကို မညှစ်ပါနဲ့။
အဲလိုဝက်ခြံမျိုးက ညှစ်လည်းအဆံမထွက်တတ်ပါဘူး။ အဆံမထွက်လာရင်လည်း မပျောက်ပါဘူး။
မှတ်ချက်။ ။ ShweBeautyဘလော့ပို့စ်မှ ထုတ်နုတ်ရေးသားပါသည်။

No comments:
Post a Comment